ဒေါ်အောင်ဆန်းစုကြည် အပြန်ခရီးကို ကြိုဆိုဖို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဂုဏ်ပြုသီဆိုထားတဲ့ “နိုဘဲလ်ဆုရှင် ဒို့မိခင်” သီချင်း
တီးခတ်စီစဉ်သူ ကိုဝင်းကျော် GTX ဖြစ်ပြီး ရေးစပ်သူမှာ သံစဉ် ကိုဝင်းကျော်နှင့် ကိုနေမျိုးဇင်တို့ တွဲဖက်ရေးစပ်သီဖွဲ့ထားခြင်းဖြစ်ပါသည်။ သီဆိုသူမှာ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ညှိနှိုင်းဆောင်ရွက်သူ (ဗိုလ်ကြီးဟောင်း) ကိုနေမျိုးဇင် ဖြစ်ပါသည်။ မြန်မာ့ဂုဏ်ဆောင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သောင်းဖြညီညီ ကြိုပါမည့်အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။
နိုဘဲလ်ဆုရှင် ဒို့မိခင် (သီချင်းစာသား)
“ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် လူထုခေါင်းဆောင်သည် ... အောင်ပန်းလွှင့်လို့ ဒို့များ အမိမြေ ပြန်လာခဲ့ပါပြီ … ညီညာဖြဖြ ကြိုဆိုကြမည် တူယှဉ်ကာဆုံမည် … နိုင်ငံရေးစနစ်သစ် အသွင်ပြောင်းခဲ့ပြီ နိုဘဲလ်ဆုရှင်သည် ... မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ … မြန်မာအမျိုးသားတို့ ဂုဏ်ယူကြသည် ညီညာစွာ ကြိုမည် ချစ်သည် … ဟေ့ ဟေ့ … လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် ... လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် … လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် ... လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့တွေ ကြိုကြမည်”
“ကမ္ဘာက သိတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် … တရားမျှတ တည်ငြိမ်းချမ်းမယ့် နိုင်ငံသစ် တည်မည် … ဒို့တိုင်းရင်းသားတို့ ယုံကြည်ကြသည် … ကြည်သာစွာ ကြိုမည် … နောင်မျိုးအဆက်ဆက် ကမ္ဘာတည်တံ့မည် ပြည်သူ့ခေါင်းဆောင်သည် … မော်ကွန်းကမ္ပည်းထက် အစဉ်တည်တံ့မည် အဖေတူ သမီးပီပီ … နိုင်ငံအ၀ှမ်းမှာ အောင်တံခွန်လွှားမည် တူယှဉ်ကာပျော်မည် ချစ်သည် ... ဟေ့ ဟေ့ … လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် ... လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် … လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် ... လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့တွေ ကြိုကြမည်”
“နိုင်ငံရေးစနစ်သစ် အသွင်ပြောင်းခဲ့ပြီ နိုဘဲလ်ဆုရှင်သည် … မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ … မြန်မာတမျိုးသားလုံး ဂုဏ်ယူကြပြီ ညီညာစွာ ကြိုမည် … လူထုကောင်းဖို့ ကိုယ်ကျိုးစွန့်တဲ့ နိုဘဲလ်ဆုရှင်သည် … ချစ်သောအမိမြေ သာယာတင့်ဖို့ သူဆောင်ရွက်လေပြီ … ပြည်သူနဲ့တပ် အတူလက်တွဲကာ ပျော်ရွှင်စွာ ကြိုမည် ချစ်သည် ... ဟေ့ ဟေ့ … လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် ... လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် … လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့ကြိုကြမည် ... လာအတူ ဒို့တွေ သွားမည် … လာအတူ ဒို့တွေ ကြိုကြမည်”
http://soundcloud.com/nyi-nyein/ykofm4wqa2sw
No comments:
Post a Comment