menu

May 30, 2012

“သခင်မျိုးဟေ့ ဒို့ဗမာ”

ရွှေဇလပ်ဖြူ | 5:54 AM | Best Blogger Tips


တစ်ခါက အင်္ဂလန်မှာ နိုင်ငံထိပ်သီး လျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်ကြတယ်....အဲဒီတုန်းက မြန်မာ
ပြည် က ဘုရင်စနစ် အုပ်စိုးတဲ့အချိန်ဆိုတော့ မြန်မာပြည်ကလည်း စစ်သူကြီးတစ်ဦး တက်ရောက်တယ် ။ စစ်သူကြီးက နန်းဝတ်နန်းစားနဲ့ နှုတ်ခမ်းမွေးနဲ့ ခန့်ချောကြီး ပေါ့....အစည်းအဝေးပြီးတော့ အပြန်မှာပေါ့ ။ လေယာဉ်နဲ့ ပြန်ကြရတယ်။  လေယာဉ်ပေါ်မှာက မြန်မာလူမျိုး ၊ ဂျာမန်လူမျိုး ၊ ကုလားလူမျိုးနဲ့ တရုတ်လူမျိုးပါတယ် ။ အဲဒီမှာ လေယာဉ်က ချို့ယွင်းမှုဖြစ်ပါလေရော ။
လေယာဉ်မှုး က ပြောတယ် .....
“ လေယာဉ်က မရတော့ဘူး ကျွန်တော်နဲ့ အတူ တစ်ယောက်ပဲနေခဲ့လို့ရမယ် အလေးချိန် မမျှတော့ဘူး ”
အဲဒီမှာ အားလုံးတဘောတူ လေယာဉ်မှုးတစ်ယောက်ထဲကိုပဲ ချန်ခဲ့ပြီး ၄ ယောက်လုံးအတူတူခုန်ချပြီး အသေခံမယ်ပေါ့။   
ဒီလိုနဲ့.........ဂျာမန်ကစပြီး ....
“ ဟစ်တလာမျီုး သွေးနီတယ်ကွ” လို့  အော်ပြီး ခုန်ချသွားတယ် .....
ကုလားက ဗန်ချာကုလား ။ 
သူကလည်း “ ဆံပင်ရှည်ပေမယ့် မိန်းမ မဟုတ်ဘူး” လို့ အော်ပြီး ခုန်ချသွားပြန်တယ်......
တရုတ် နဲ့ မြန်မာ နှစ်ယောက်ပဲ ကျန်တော့တယ်
တရုတ် က အပေါက်ဝမှာ ဒူးတုန်နေတယ် ...  မခုန်ချရဲဘူး ....
စိတ်ထဲမှာလဲ မြန်မာအရင်အော်ပြီး ခုန်ဆင်းပါစေပေါ့ .....
မြန်မာ ခုန်ချပြီးရင် သူနေခဲ့တော့မယ်ပေါ့ ........
အဲဒီအချိန်မှာပဲ သူ့အနောက်က မြန်မာက .......
“သခင်မျိုးဟေ့ ဒို့ဗမာ” လို့ အော်လိုက်တော့ တရုတ်ပျော်သွားတယ်
ဒါပေမယ့်သူထင်တာလွဲသွားတယ်  ......  မြန်မာက
“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်ပြီးနောက်ကနေ သူ့ကို ကန်ချလိုက်တယ်လေ……..
အဲဒါ ဗမာကွ!!!!!!!!!!!!!!!!!!!!!!

No comments:

Post a Comment